
အခြေခံလူတန်းစားတွေအတွက် ကိုယ်ချင်းစာစိတ်လေးနဲ့ မေတ္တာရပ်ခံပေးလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်
မြန်မာဇာတ်လမ်းတွေမှာ ဇာတ်ပို့နေရာနေကနေ ကောင်းကောင်းသရုပ်ဆောင်နိုင်တဲ့ နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းတို့ဇနီးမောင်နှံကတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်.. နှီုင်းယှဉ်တို့ကတော့ အွန်လိုင်းကနေ Live လွှင့်ပြီးစျေးရောင်းပေးနေတာပဲ ဖြစ်ပါတယ်။ အပြောချိုချိုလေးနဲ့ စျေးရောင်းတတ်တာကြောင့်လုပ်ငန်းရှင်တွေကလည်း အလုပ်အပ်တာတွေများလွန်းတာကြောင့် အချိန်တွေတောင်မလောက်တတ်ဘူးလို့လည်း အင်တာဗျူးတွေမှာ ဖြေထားခဲ့ပါသေးတယ်။ သူမတို့ဇနီးမောင်နှံတော့ အလုပ်တွေကို ကြိုးစားတာကြောင့် အရမ်းလှပတဲ့အိမ်ကြီးတစ်လုံးကိုလည်း ကာလတိုအတွင်းမှာ ဝယ်နိုင်ခဲ့သူတွေဖြစ်တာကြောင့် အားလုံးကအားကျနေခဲ့ရသူတွေလည်း ဖြစ်ပါတယ်။ […]