ရခိုင်တွင် ပိန္နဲသီးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာထွက်ပေါ်

December 5, 2021 Thiha Ko Ko 0

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအတွင်း ပိန္နဲပင်ရှိ ပိန္နဲသီးတစ်လုံးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာ ထွက်ပေါ် လာသည်ဟုဆိုကာ လူများသွားရောက်ကြည့်ရှုနေကြသည်ဟု သတင်းရရှိသည်။ ကျောက်တန်းကျေးရွာရှိ ဒိုင်းနက်ရွာချေမှ ဦးထွန်းဝေ၏ အိမ်ခြံဝင်းမှ ပိန္နဲပင်ရှိ ပိန္နဲသီးတွင် ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ (သြင်္ကန်ကာလအတွင်း) က ငှက်ပျောသီး ၁၃ […]

လမ်းလယ်မှာ ကောက်ရခဲ့တဲ့ ပိုက်ဆံ ၃ သိန်းကို မယူဘဲ ပိုင်ရှင်ဆီ ပြန်ပေးခဲ့တဲ့ အဖိုးအိုရဲ့လုပ်ရပ်

November 25, 2021 Thiha Ko Ko 0

မကြာသေးခင်က Maha Sarakham ပြည်နယ် Borabue ခရိုင်ဇာတိ အသက် 60 နှစ်အရွယ် Chalong Taeytam အမည်ရှိ အဖိုးအိုဟာ လမ်းလယ်မှာ ဘတ်ငွေ ၃ သိန်းကို ကောက်ရခဲ့ပါတယ် ။ ဒါပေမဲ့ အသက် 60 နှစ်အရွယ် ဦးလေးက တွေ့ရှိခဲ့တဲ့ […]

ကိတ်မုန့်ပေါ်က ဖယောင်းတိုင်မီးကို မှုတ်နေစဉ် ဆံပင်ကို မီးရုတ်တရက်တောက်လောင်ပြီး ဆံပင် ပုံပြောင်းသွားခဲ့တဲ့ မိန်းကလေးရဲ့အဖြစ်

November 25, 2021 Thiha Ko Ko 0

မကြာသေးမီက မိန်းကလေးတစ်ဦးရဲ့ မွေးနေ့အမှတ်တရအဖြစ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပါတယ် ။ ဖြူဖြူသန့်သန့် ဝတ်စုံ၊ ဆံပင်ရှည်ရှည်နဲ့ လှပတဲ့ မျက်နှာထားဖြင့် ကောင်မလေး က ကိတ်မုန့် ကိုင်ပြီး သူ့သူငယ်ချင်းတွေရှေ့မှာ ဖယောင်းတိုင်မီးတွေ ထွန်းရင်း ပျော်ရွှင်စွာ မှုတ်နေခဲ့ပါတယ် ။ ဒါပေမဲ့လည်း […]

စျေးထဲကနေ ပင်လယ်ခရုလေးကို ဝယ်ယူလာပြီး ဟင်းချက်စားခဲ့ရာမှ ရှားပါးသည့် လိမ္မော်ရောင် ပုလဲလုံးလေးကို တွေ့ရှိခဲ့၍ ကံကောင်းသွားခဲ့သော မိသားစု

November 23, 2021 Thiha Ko Ko 0

ထိုင်းနိုင်ငံ Satunပြည်နယ်တွင် နေထိုင်သော ဆင်းရဲသည့် မိသားတစ်စုအိမ်မှ သမီးဖြစ်သူသည် ညစာဟင်းမရှိ၍ အနီးနားရှိ စျေးထဲသို့သွားကာ ဘတ်၇၀နဲ့ ပင်လယ်ခရုတစ်ကောင်ကို ဝ ယ်ယူပြန်ခဲ့ပြီး ချက်ပြုတ်ခဲ့သည်။ . . ထိုသို့ ချက်ပြုတ်နေရင်း ခရုထဲကနေ ထူးဆန်းသောအရာလေးတစ်ခု ထွက်ကျလာခဲ့ရာ ကျောက်စရစ်ခဲလေးထင်ပြီး လွှင့်ပစ်ဖို့လုပ်ခဲ့ရာ သေချာကြည့်လိုက်မှ ရှားပါးပြီးတန်ဖိုးကြီးသည့် […]

မလေးရှားနိုင်ငံ ဘော်နီယို ပြည်နယ်ရှိ စာသင်ကျောင်းနောက် မှ တူးမြောင်းထဲတွင် ဧရာမ မိကျောင်းကြီးတစ်ကောင်တွေ့ရှိခြင်း

November 23, 2021 Thiha Ko Ko 0

မလေးရှားနိုင်ငံ ဘော်နီယို ပြည်နယ်ရှိ စာသင်ကျောင်းနောက် မှ တူးမြောင်းထဲတွင် ဧရာမ မိကျောင်းကြီးတစ်ကောင်ရောက်ရှိနေကြောင်း သတင်းပေးပို့လာသဖြင့် သစ်တောအဖွဲ့နှင့်တာဝန်ရှိသူများမှ အချိန် ၁၀ နာရီအကြာ ဖမ်းဆီးကာ ဘက်ဟိုးဖြင့် သယ်ဆောင်သွားခဲ့ကြရသည်။ မိကျောင်း၏ အလေးချိန်မှာ ကီလို ၈၀၀ အလေးချိန်ရှိပြီး အရှည် (၄.၅ မီတာ) (၁၅ […]

အလုပ်သွားလျှောက်ရာ၌ အင်တာဗျူးဖြေသည့်အခါ သူမရဲ့ရုပ်ရည်ကြောင့် အလုပ်မခန့်တာကို စိတ်နာပြီး ခွဲစိတ်ပြုပြင်ခဲ့သော မိန်းကလေး

November 17, 2021 Thiha Ko Ko 0

ဗီယက်နမ်နိုင်ငံမှ အသက် ၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘွဲ့ရပြီးတာနဲ့ ဒေသရှိ ကုမ္ပဏီတွေမှာ အလုပ်သွားလျှောက်ခဲ့တာ အကြိမ်ပေါင်းမနည်းသော်လည်း တစ်ခါမှ အလုပ်ခန့်ခြင်းမခံခဲ့ရပေ။ မိန်းကလေးသည် သွားမညီမှုနှင့် လိုက်ဖက်သောအဝတ်အစားတို့ကို မဝတ်တာကြောင့် အလုပ်သွားလျှောက်သည့်နေရာတိုင်းတွင် လျှောက်လွှာတွေသာ တစ်ရွက်ပြီးတစ်ရွက်ကုန်သွားပြီး အခြားချောမောသူတွေသာ အလုပ်ကိုရရှိခဲ့သည်။ ထို့ကြောင့် မိန်းကလေးသည် လိုင်းပေါ်ကနေ မိတ်ကပ်လိမ်းနည်းတွေကို လေ့လာခဲ့ပြီး […]

ကျောက်ကပ်ဆေးကြောဖို့ရာ ဆေးကုသစရိတ်လိုအပ်တာကြောင့် တစ်ပတ်ရစ်စက်ဘီးဟောင်းတွေကို ပြန်လည်ပြုပြင်ပြီး ရောင်းချနေသော အဖိုးအိုတစ်ဦး

November 17, 2021 Thiha Ko Ko 0

စင်္ကာပူနိုင်ငံမှ အသက် ၈၃နှစ်အရွယ် အဖိုးအိုတစ်ဦးသည် တစ်ကိုယ်တည်းသမားဖြစ်ရာ ခင်တွယ်အားကိုးစရာ မိသာစုနှင့် ဆွေမျိုး အသိုင်းအဝိုင်းလည်း မရှိတာကြောင့် လမ်းမပေါ်ထွက်ပြီး ဈေးရောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရဆဲဖြစ်သည်။ အဖိုးအိုသည် တစ်ယောက်တည်းနေရပြီး စားဝတ်နေရေးအတွက် ခက်ခဲသည့်ကြားက ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရကာ ဒေသရှိ ဆေးရုံတစ်ခုတွင် လစဉ်ပုံမှန် ကျောက်ကပ်ဆေးကြောရသေးသည်။ ထို့ကြောင့် […]

မိန်းကလေးများရဲ့ အကြိုက်ဖြစ်တဲ့ 6 packနဲ့ ကိုကြီးတို့ဖြင့် အိမ်ရှေ့အရောက်ပို့ပေးတဲ့ Delivery ဝန်ဆောင်မှုကို ပေးစွမ်းနေတဲ့ ကုမ္ပဏီ

November 17, 2021 Thiha Ko Ko 0

မလေးရှားကုမ္ပဏီတွေက ဖောက်သည်တွေကို ဆွဲဆောင်နိုင်ဖို့ စိတ်ကူးကောင်းတွေ ထုတ်ဖော်လာခဲ့ပါတယ် ။ မနေ့က မလေးရှားနိုင်ငံရှိ အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုပေးတဲ့ “MYOTO Delivery Malaysia” ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဆွဲဆောင်မှုရှိတဲ့ ကိုကြီးက သင့်အိမ်တံခါးဝမှာ အစားအသောက်များပို့ဆောင်ပေးမဲ့ ဝန်ဆောင်မှုအသစ်ကို ပို့စ်တင်ခဲ့ပါတယ် ။ ဆွဲဆောင်မှုရှိတဲ့ delivery ကိုကြီးအပြင် […]

၁၅နှစ်ကြာပြီးမှ ပြန်လည်တွေ့ရှိခဲ့သော မိတ်ဆွေအား မှတ်မိနေပြီး လာနှုတ်ဆက်ခဲ့သည့် မျောက်ဝံကြီး

November 17, 2021 Thiha Ko Ko 0

အမေရိကန်နိုင်ငံ Kentရှိ Aspinall’s Howlett Wild Animal Parkတွင် မွေးထားသော ဂေါ်ရီလာမျောက်ဝံသည် တိရစ္ဆာန်ရုံပိုင်ရှင်ဧ။်အသက် ၁နှစ်ခွဲသာရှိသေးသော သမီးငယ်လေးနှင့် ခင်မင်ရင်းနှီးမှုရှိပြီး အတူကစားလျက်ရှိကာ အဖော်ရစေခဲ့သည်။ ပိုင်ရှင်ဖြစ်သူသည် မျောက်ဝံကြီးအား အနောက်အာဖရိကတောထဲသို့ ဘေးမဲ့ပေးသည့်အနေနှင့် ပြန်လည်လွှတ်ပေးခဲ့ရာ သမီးငယ်လေးနှင့်လည်း ကွဲကွာသွားခဲ့ရသည်။ ထိုစဉ် သမီးငယ်လေးသည် အသက်၂၅နှစ်အရွယ်ရောက်သောအခါ […]

အခွံတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အမျိုးသမီးတစ်ဦးရဲ့ရှေ့မှာ တန်းစီပြီး စောင့်ဆိုင်းနေကြတဲ့ လိပ်ကလေးများ

November 17, 2021 Thiha Ko Ko 0

စင်္ကာပူနိုင်ငံမှ Nur Hafiza Ariffin လို့ အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒေသတွင်း ရုက္ခဗေဒ ဥယျာဉ်သို့ သွားရောက်ခဲ့ပြီး ရေကန်ဘေးမှာ ထိုင်ရင်း စုတ်တံသေးသေးလေးနဲ့ လိပ်များရဲ့ အခွံတွေ သန့်ရှင်းပေးနေတဲ့ အမျိုးသမီးတစ်ဦးကို သတိပြုမိခဲ့ပါတယ် ။ ပထမတော့ သူမက ကျောက်တုံးတွေလို့ […]