အသက် ၁၂ နှစ်အရွယ်နဲ့ ကိုယ်ပိုင်ကျောင်း တည်ထောင်ထားတဲ့ ကလေးလေး

အသက် ၁၂ နှစ်အရွယ်ဆိုတာ ဆော့လို့ကောင်းတဲ့အရွယ်ပါပဲ။ အာဂျင်တီးနားနိုင်ငံက Nickanor Quinteros ဆိုတဲ့ ၁၂ နှစ်အရွယ်ကောင်လေးက သူ့ရဲ့အဘွား Ramona နဲ့ အတူနေပါတယ်။ သူကသာမန်ကလေးတွေကို ကျောင်းသွားပြီး နွားနို့နဲ့ကွတ်ကီးစားရတာကို သဘောကျပါတယ်။


တခြားကလေးတွေနဲ့ မတူတဲ့အချက်ကတော့ Nicanor မှာ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းရှိတာပါ။ အဲဒီကိုယ်ပိုင်ကျောင်းကို ကလေးတွေစာသင်နိုင်အောင်လို့ သူတည်ထောင်ခဲ့တာ ၄ နှစ် ရှိသွားပါပြီ။

Sponsered by Thi Ha Mg

Nicanor အသက် ၉ နှစ်ရောက်တဲ့အခါ သူတို့အိမ်ဘေးမှာ ကျောင်းတစ်ကျောင်းဆောက်ချင်ကြောင်း သူ့အဘွားကိုပြောပြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အနီးအနားဝန်းကျင်က ကလေးတွေက ကျောင်းသွားဖို့ လမ်းစရိတ်မရှိသလို ဖိနပ်လည်း မရှိကြပါဘူး။ တချို့ကလေးတွေဆိုရင် အိမ်တောင်မရှိကြပါဘူး။ Nicanor ရဲ့ အဘွားကလည်း သူ့အကြံကို ဝမ်းပန်းတသာသဘောတူပြီး ကျောင်းဖြစ်လာအောင် စတင်လုပ်ဆောင် ကြပါတယ်။


သူ့ရဲ့အိမ်ကတော့ အာဂျင်တီးနားနိုင်ံ၊ Las Piedritas မှာတည်ရှိတာပါ။ သူ့အိမ်ရဲ့နောက်မှာ Patria y Unidad လို့ခေါ်တဲ့ ကျောင်းလေးကို Nicanor နဲ့ သူ့အဘွားက အတူဆောက်လုပ်ကြပါတယ်။ ပတ္တူစနဲ့သစ်သားချောင်းလေးတွေ သုံးပြီး စာသင်ခန်းတွေကိုကန့်ပါတယ်။ သစ်သီးထည့်တဲ့ သေတ္တာလေးတွေကို ထိုင်ခုံအဖြစ်သုံးပြီး ပြန်အသုံးပြုနိုင်တဲ့ စာရွက်တွေနဲ့ ကလေးတွေကို စာရေးခိုင်းပါတယ်။

Sponsered by Thi Ha Mg

လေးနှစ်ကြာပြီးတဲ့အခါ အိမ်နီးနားချင်းတွေနဲ့ ကြင်နာတတ်သူတွေရဲ့အကူအညီနဲ့ Nicanor က နောက်ထပ်စာသင်ခန်းနှစ်ခန်း၊ ဗီရိုတွေ၊ သင်ပုန်းတစ်ချပ်၊ စာကြည့်တိုက်တစ်ခန်း၊ ကျောင်းတက်ခေါင်းလောင်းတို့ ရရှိသွားပါတယ်။ Nicanor မှာလည်း ကိုယ်ပိုင်ကျောင်းအုပ်ကြီး ရုံးခန်းတစ်ခန်း ရသွားပါတယ်။


Las Piedritas မှာရှိတဲ့ ကလေးတွေကစာသင်ဖို့ အရမ်းကို တက်ကြွကြပါတယ်။ ကျောင်းရောက်ပြီဆိုရင် Nicanor ရဲ့တံခါးကို အမြဲလာခေါက်ပြီး စာသင်ပေးဖို့ လာပြောကြပါတယ်။ ကျောင်းမှာကျောင်းသူကျောင်းသား ၃၆ ယောက်ရှိပါတယ်။ Nicanor က ကျောင်းသူကျောင်းသားတွေကို သေသေချာချာ သင်ပေးပါတယ်။

Sponsered by Thi Ha Mg

” ကျောင်းတက်ရလို့ အခုဆိုရင် ၃ တန်းရောက်သွားပြီ” လို့ Niconor ရဲ့ ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။ ဒါပေမယ့် Nicanor ကိုယ်တိုင်လည်း ကျောင်းတက်ပါသေးတယ်။ ၄ ကီလိုမီတာ ဝေးတဲ့ကျောင်းကို စက်ဘီးနဲ့သွားပြီး တက်ပါတယ်။


သူသင်ထားတဲ့စာတွေနဲ့ ရွာပြန်ရောက်ရင် ကလေးတွေကို သင်ပေးပါတယ်။ ပုံမှန်စာသင်ချိန်တွေ မတက်နိုင်တဲ့ ကလေးတွေဆိုရင် Nicanor က ညဘက်မှာသင်ပေးပါတယ်။ ပြီးတော့ Nicanor က သူရတဲ့မုန့်ဖိုးလေးတွေကိုစုပြီး စာလာသင်တဲ့ကလေးတွေကို ကော်ဖီတွေ၊ ကွတ်ကီးတွေ ဝယ်ကျွေးပါသေးတယ်။


” Pocito ပြည်နယ်မှာ ဒီလိုသူရဲကောင်းတစ်ယောက် ရှိတာ ယုံတောင် မယုံနိုင်ပါဘူး” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး San Juan က Nicanor ကို လာတွေ့တုန်းက မှတ်ချက်ပေးသွားပါတယ်။ ပညာကိုအပတ်တကုတ် လိုချင်သူတွေအတွက် မဖြစ်နိုင်တာမရှိကြောင်း Nicanor က လှုံ့ဆော်ပေးလိုက်တာပါပဲ။


Credit