ဆိုင်ကယ်ကယ်ရီမောင်းသောကောင်လေးမှာ အသဲယားစရာကောင်းပြီး ချိုမြိန်သောအပြုံးလေးတွေကြောင့် မိန်းကလေးဖောက်သည်များသာ ပြည့်နေခဲ့သည့်အဖြစ်

ဗီယက်နမ်နိုင်ငံမှ အသက်၁၉နှစ်အရွယ် ကောင်လေးသည် မိသားစုစားဝတ်နေရေး အဆင်မပြေ၍ ကျောင်းတစ်ဖက်နဲ့ မြို့ထဲလမ်းမပေါ်တွင် ဆိုင်ကယ်ကယ်ရီသမားလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

Sponsered by Thi Ha Mg

ကောင်လေးသည် ဆိုင်ကယ်ကယ်ရီမောင်းရာတွင် ရုပ်ရည်ချောမောမှုနှင့် ဖော်ရွေသောဆက်ဆံရေးကြောင့် ပထမရက်မှာပဲ မိန်းကလေးဖောက်သည်များမှ ဝိုင်းအုံလာကြပြီး လိုက်လည်ပို့ဆောင်ပေးရန် ဌားခဲ့ကြသည်။


ထို့အပြင် မိန်းကလေးအချို့သည် အပြင်ထွက်သည့်အခါ သူတို့စီးနေကျဆိုင်ကယ်ကိုပင် ယူမလာခဲ့ကြတော့ပဲ လမ်းလျှောက်ထွက်လာကြရင်း အပြန်ခါကျ ထိုကောင်လေးမောင်းရာ နောက်ကနေ လိုက်စီးချင်ခဲ့၍ အကြံထုတ်ခဲ့ကြသည်။


ကောင်လေးသည် တစ်နေ့ထက်တစ်နေ့ ဌားရမ်းသူများမှာ ပိုပိုများလာပြီး ချစ်စဖွယ်အပြုံးလေးတွေကြောင့် ဓာတ်ပုံခိုးရိုက်ခံရပြီးနောက် နာမည်ကြီးလာခဲ့သည်။


Credit : Love Feeling