လက်ဖက်ခြောက်ထုပ်ကို ဆေးခြောက်နဲ့မှားပြီး ထောင်ထဲရောက်ခဲ့ရသော သားအမိနှစ်ယောက်၏ဖြစ်

မလေးရှားနိုင်ငံမှ သားအမိနှစ်ယောက်သည် အမြတ်ငွေလေးရရှိအောင်ဆိုပြီး တရုတ်အမှတ်တံဆိပ်ပါ လက်ဖက်ခြောက်ထုပ်များကို မှာယူခဲ့ရာတွင် လေဆိပ်ရောက်သောအခါ အာဏာပိုင်ရဲများမှ ဆေးခြောက်ထုပ်တွေနဲ့ အထင်မှားကာ ဖမ်းဆီးအရေးယူခဲ့သည်။


Sponsered by Thi Ha Mg

သားအမိနှစ်ယောက်သည် လက်ဖက်ခြောက်လေးမှာ သောက်လို့ကောင်းပြီး အမျိုးသမီးများ ရာသီလာချိန်တွင် နာကျင်ကိုက်ခဲမှုကို သက်သာစေသည့် ဆေးဖက်ဝင်ဖြစ်စေကာ တဆင့်ပြန်လည်ရောင်းချရန် မှာယူခဲ့ခြင်းသည်။


သားအမိနှစ်ယောက်ခမျာ ရုတ်တရက် အဖမ်းခံလိုက်ရခြင်းကြောင့် ထိတ်လန့်ခဲ့ရကာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိတဲ့ ပစ္စည်းကို သေချာစစ်ဆေးကြည့်ရာမှ အမှန်တကယ် လက်ဖက်ခြောက်သာ ဖြစ်နေ၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။


Hlaing (Love Feeling)