တရားရုံးတွင် ကွာရှင်းပြတ်ဆဲပြီးသောအခါတွင် အလွန်ပျော်ရွင်သောကြောင့်ဟုဆိုကာ အတူတူကခုန်နေခဲ့ကြသည့် ထူးထူးဆန်းဆန်းလင်မယားနှစ်ဦး

စစ်မှန်သော အချစ်တစ်ခုကို ရရှိခဲ့ပြီထင်ကာ လက်ထပ်ခဲ့ကြသော စုံတွဲများသည် တစ်ခါတစ်လေတွင် တိုက်ဆိုင်မှုမရှိသော ခံစားချက်များကြောင့် ရန်ဖြစ်စကားများကြသည်။


ရန်ဖြစ်စကားများရာမှ ကွာရှင်းပြတ်ဆဲသည်အထိ ဖြစ်လာကြသော လင်မယားတိုင်းသည် ဒေါသများစွာကို ရင်ဝယ်ပိုက်ပြီး ကွာရှင်းကြသည်သာတွေ့ဖူးခဲ့သည်။

Sponsered by Thi Ha Mg

ယခုတွင်တော့ မလေးရှားနိုင်ငံ Anshunပြည်နယ် Perakမှ လင်မယားနှစ်ဦးဟာလည်း နှစ်ယောက်သားအဆင်မပြေနိုင်ဘူးဟု ခံစားမိခဲ့ကြသောအခါ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။


ထို့နောက် တရားရုံတွင် လက်မှတ်ထိုးကွာရှင်းခဲ့ပြီးသောအခါ တရားရုံးရှေ့တွင် လင်မယားနှစ်ဦးဟာ အလွန်ပျော်ရွင်သောကြောင့်ဟုဆိုကာ အတူတူကခုန်အောင်ပွဲခံနေခဲ့ကြပါတယ်။


အခြားမြင်တွေ့သူများသာဆိုလျှင် စုံတွဲနှစ်ဦးကို ကွာရှင်းသည်ဟုမထင်ဘဲ လက်ထပ်ခဲ့သည်ဟု ထင်နေမှာသေချာပါတယ်။


Shoon (Cele Daily)