
ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခြားနိုင်ငံများနှင့် နှိုင်းယှဥ်လျှင် လူဦးရေထူထပ်မှုထဲတွင် မပါရှိသေးဘဲ ကားထားရန်အတွက် နေရာအခက်အခဲဟူ၍ အနည်းငယ်လောက်သာ ကြုံတွေ့ရတာဖြစ်ပါတယ်။
အခြားနိုင်ငံများတွင် ငွေကြေးရှိသော်လည်း ကားထားရန်နေရာအဆင်မပြေဖြစ်နေကြသူတွေကို များစွာမြင်တွေ့နေရပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသားဟာ အလုပ်တွေကိုကြိုးစားပြီး Roll Royceဇိမ်ခံကားသစ်ကြီးကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ကားထားရန်နေရာအခက်အခဲကြောင့် လမ်းဘေးတွင် ကားကိုရပ်ထားခဲ့ရတာဖြစ်ပါတယ်။

ထိုအခါ ကားကိုညအချိန်တွင် တစ်ခုခုဖျက်ဆီးအောင် လုပ်ဆောင်မှာစိုးရိမ်နေသည့်အတွက် စိတ်ချဖြစ်ကာ မိုးလင်းပေါက်ကို တုတ်တစ်ချောင်းကိုင်ပြီး ထိုင်ခုံပေါ်တွင်ထိုင်ကာ မအိပ်ဘဲ စောင့်နေခဲ့ပါတယ်။
Shoon (Cele Daily)