အခြေခံလူတန်းစားတွေအတွက် ကိုယ်ချင်းစာစိတ်လေးနဲ့ မေတ္တာရပ်ခံပေးလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

မြန်မာဇာတ်လမ်းတွေမှာ ဇာတ်ပို့နေရာနေကနေ ကောင်းကောင်းသရုပ်ဆောင်နိုင်တဲ့ နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းတို့ဇနီးမောင်နှံက‌တော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်.. နှီုင်းယှဉ်တို့ကတော့ အွန်လိုင်းကနေ Live လွှင့်ပြီးစျေးရောင်းပေးနေတာပဲ ဖြစ်ပါတယ်။



အပြောချိုချိုလေးနဲ့ စျေးရောင်းတတ်တာကြောင့်လုပ်ငန်းရှင်တွေကလည်း အလုပ်အပ်တာတွေများလွန်းတာကြောင့် အချိန်တွေတောင်မလောက်တတ်ဘူးလို့လည်း အင်တာဗျူးတွေမှာ ဖြေထားခဲ့ပါသေးတယ်။

Sponsered by Thi Ha Mg

သူမတို့ဇနီးမောင်နှံတော့ အလုပ်တွေကို ကြိုးစားတာကြောင့် အရမ်းလှပတဲ့အိမ်ကြီးတစ်လုံးကိုလည်း ကာလတိုအတွင်းမှာ ဝယ်နိုင်ခဲ့သူတွေဖြစ်တာကြောင့် အားလုံးကအားကျနေခဲ့ရသူတွေလည်း ဖြစ်ပါတယ်။

မကြာခင်ကာလတုန်းက နှိုင်းယှဉ်မြင့်မိုရ်က သားငယ်လေး ကိုမွေးဖွားထားတာဖြစ်ပါတယ်နော်..



ဒီနေ့ေလးမှာတော့ အားလုံးကတိတ်ဆိတ်ခြင်းနဲ့ ဆန္ဒပြပြီးနောက်ပိုင်းမှာတော့ နှိုင်းယှဉ်က ” ညနေ 4နာရီကျော်မှ ပြန်ထွက်လာတဲ့ ခေါင်းရွက် ဗျက်ထိုးဈေးသည်တွေ…တွန်းလှန်းနဲ့ဈေးရောင်းတဲ့သူတွေလမ်းဘေးဆိုင်လေးတွေကို အတတ်နိုင်ဆုံး အားပေးလိုက်ကြပါ….

တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတို့အတွက် အဆင်မပြေတဲ့ကြားကဒီstrike မှာ ပါဝင်ပေးကြရှာတယ်…အရွေ့တိုင်းမှာ အခြေခံလက်လုပ်လက်စားသမားတွေက ထိပ်ဆုံးရှေ့ဆုံးက ပါဝင်ကြတာ လမ်းမကြီးတွေ ဈေးတွေက သက်သေပါ 💪” ဆိုပြီး ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ရေးသားလာခဲ့တာ ဖြစ်ပါတယ်နော်..



Cele World ပရိသတ်ကြီးလည်း နှိုင်းယှဉ်ပြောသလိုပဲ ကိုယ်ချင်းစာစိတ်လေးနဲ့ ဖေးမပေးကြပါအုံးနော်…

Source: Nhying Shin