ချစ်သူလေးနဲ့အတူ အရမ်းကြည်နူးမိနေတာလေးကို ဗီဒီယိုရိုက်ပြီးတင်ပေးလာတဲ့ အေးမြတ်သူ

ပရိတ်သတ်တွေက ချစ်စနိုးနဲ့ မမြတ်လေး လို့ ခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူ ကတော့ ရယ်လိုက်ရင် ပါးချိုင့်လှလှလေးနဲ့ မြင်သူရင်ကို အေးချမ်းစေတဲ့ အလှပိုင်ရှင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။



အေးမြတ်သူကတော့ ပြီးခဲ့တဲ့နှစ်အတွင်းက“ခေါက်ထီးလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကြီ းကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Sponsered by Thi Ha Mg

အကယ်ဒမီဆုရှင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်အတိုင်းပုံမှန်အတိုင်းသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အသက် (၃၅) နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားကာ မကြာခင်နှစ်ပိုင်းအတွင်းမှာလည်း ရွှေလက်တွဲလက်ထပ်တော့မှာဖြစ်ကြောင်းကို အသိပေးထားတာပဲ ဖြစ်ပါတယ်။



ဒီကနေ့မှာတော့ အေးမြတ်သူက သူမရဲ့ ဘဝလက်တွဲဖော် ချစ်သူ ကို အရမ်းသိချင်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်က အေးမြတ်သူရဲ့ Instagram story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ လူတိုင်းနီးပါး သိချင်နေကြတဲ့ သူမရဲ့ချစ်သူကောင်လေးကို တရားဝင်ထုတ်ပြလိုက်တဲ့ အေးမြတ်သူရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။



မမြတ်လေးကတော့ ဆာရီဝတ်စုံနဲ့ကားပေါ်မှာ ဗီဒီယိုရိုက်ရင်း သူမရဲ့ ချစ်သူလေးကိုပါ ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ ကဲ Cele World ပရိသတ်ကြီးလည်း အေးမြတ်သူတို့ချစ်သူနှစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးကြပါဦးနော်။

Source: Aye Myat Thu