မောင်နှစ်မအရင်းသဖွယ်ချစ်ရခင်ရတဲ့ ဓာတ်ပုံဆရာကျော်မျိုးအောင်ကို တန်ဖိုးကြီးတဲ့လက်ဝတ်ရတနာလေး လက်ဆောင်ပေးလိုက်တဲ့ နီနီခင်ဇော်

ဆရာဝန်မလေး တစ်ယောက်ဖြစ်လည်းဖြစ်သလို အဆိုတော်တစ်ယောက် လည်းဖြစ်တဲ့ နီနီခင်ဇော်ကတော့ အဆင်းရော အချင်းနဲ့ပါ ပြည့်စုံသူလေး တစ်ယောက်အဖြစ် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။

စိတ်ထားကောင်းသလို သူငယ်ချင်းမိတ်ဆွေတွေကိုလည်း မိသားစုဝင်လို ခင်မင်ရင်းနှီးတတ်တဲ့ နီနီခင်ဇော်က ဒီတစ်ခေါက်မှာလည်း သူမရဲ့အစ်ကိုရင်းတစ်ယောက်လို ခင်မင်ရင်းနှီးရတဲ့ ဓာတ်ပုံဆရာ ကျော်မျိုးအောင် (KMA Wedding Photo Studio) ကို စိန်လက်စွပ်တစ်ကွင်းလက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

Sponsered by Thi Ha Mg

ဓာတ်ပုံဆရာကျော်မျိုးအောင်က “ကျတော်နဲ့ ကျတော့ညီမ ကွိစိမ😍 Surprised gift from her 🤩မောင်နှမအရင်းလို သူငယ်ချင်း လိုအမြဲတိုင်ပင်အကြံပေး(သူကပဲအမြဲအကြံပေးတာများပါတယ်) အခုလဲ ဒီဇိုင်းအရမ်းမိုက်တဲ့စိန်လက်စွတ်ကို Surprised ပေးချသွားတယ် လက်တိုင်းကွက်တိတော်နေတာကတော့ အမေနီရဲ့အစွမ်းပဲ။

ကျေးဇူးပါအမေနဲ့ညီမလေး (ဒီရက်ထဲစိတ်ထိခိုက်စရာသတင်းတွေကြားထဲက ဒါလေးကတော့တကယ်ကိုကြည်နူးရမိပါတယ်) ❤️❤️” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

နီနီခင်ဇော်ကတော့ သူမနဲ့သွေးသား မတော်စပ်ပေမယ့် သူမရဲ့ဓာတ်ပုံတွေကို အကောင်းဆုံ းရိုက်ကူးပေးတဲ့ အစ်ကိုလိုခင်မင်ရတဲ့ ဓာတ်ပုံဆရာကျော်မျိုးအောင်ကို စိန်လက်စွပ်တစ်ကွင်းလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

Soutce: Kyaw Myo Aung’s fb

Credit:Myanmar Celebrity