သူမရဲ့မိသားစုအားလုံးကို ဆုံးရှုံးသွားခဲ့ရပြီး (၆)လအကြာမှာ ဖြစ်ပျက်နေတဲ့သူမရဲ့စိတ်အခြေအနေကိုရင်ဖွင့်လာခဲ့တဲ့ ခွန်းဆင့်နေခြည်

ပရိသတ်ကြီးရေ ခွန်းဆင့်နေခြည်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၆)လခန့်ကတော့ ခွန်းဆင့်နေခြည်ကသူရဲ့ မိသားစုဝင်တွေအားလုံးကို ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာတော့ သူရဲ့ စိတ်ခံစားမှု အခြေအနေအကြောင်းကို အခုလိုပဲသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ထားခဲ့ပါတယ်။

Sponsered by Thi Ha Mg

“မိသားစုအားလုံး ဆုံးရှုံးခဲ့ရတဲ့လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်မစိတ်တွေအဝီစိထိကျသွားခဲ့တယ်။စိတ်ကျသွားတဲ့အတွက် အဲ့ဒီ့အချိန်တုန်းကကျွန်မဘက်စုံကျသွားခဲ့တယ်။

အခုကျွန်မ recover ပြန်ဖြစ်ပြီ အရင်ကထက်ပိုသန်မာလာတယ် အခုကျွန်မပျော်အောင်ပြန်ကြိုးစားတာအောင်မြင်ခဲ့ပြီ တခါတလေ မိသားစုကို လွမ်းဆွတ်လို့ ကြေကွဲရပေမဲ့ ကျွန်မ မသေသ၍ ရှင်သန်ဖို့လိုတယ် ဒါ့ကြောင့်ကျွန်မပျော်အောင်ပြန်ကြိုးစားမှဖြစ်မယ်ဆိုတာကျွန်မသိတယ်။

စိတ်ပျော်နေမှ အရာရာစွမ်းဆောင်နိုင်တာဆိုတော့ မပျော်ပျော်အောင် သာကြိုးစားပေတော့ ဘယ်လောက်ကြေကွဲ ပူဆွေးစရာတွေရှိနေပါစေ ကိုယ်အသက်ရှင်နေသေးသ၍ ကိုယ်ပျော်အောင်နေမှ ကိုယ့်ဘဝကဆက်ရှင်သန်နိုင်မှာပါ။ ကြေကွဲစရာ ပူဆွေးစရာတွေကို ရင်ဝယ် ပိုက်ပြီး အကြာကြီးခရီးဆက်နေမယ်ဆိုရင် ကိုယ်လည်းရှင်ရက်နဲ့သေနေသလိုပါပဲ။

ဘဝကတိုတိုလေးပါ အရာအားလုံးကခဏလေးတွေပါ။ လူသားအားလုံး သေမဲ့ရက် ကိုထိုင်စောင့်ရင်း လူဖြစ်ခွင့်ရနေတဲ့အချိန်တိုလေးအတွင်း ဘဝကို မပျော်လည်းပျော်အောင်သာဖြတ်သန်းကြပါ။

အရာအားလုံးအတွက် Fighting ” ဆိုပြီး အကောင်းဆုံး ရပ်တည်နေနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း နဲ့ ပရိသတ်တွေလည်း ဘယ်လို အဆိုတွေပဲကြုံတွေ့တွေ့အားတင်းရင်ဆိုင်ပြီး အကောင်းဆုံးရပ်တည်ဖို့ အကြံပြုထားခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။

 

Source – Khunn Sint Nay Chi
Credit– CeleGabar