သားဖြစ်သူနိုဝါလေးရဲ့မွေးနေ့မှာ တန်ဖိုးရှိပြီးမှတ်သားစရာစကားလုံးများနဲဲ့အတူ အမှတ်တရပုံရိပ်လေးတွေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဇာဏ်ခီ

မြန်မာ့ရုပ်ရှင်လောကမှာ သက်တမ်းနုပြီးတော့ ပရိသတ်တွေရဲ့ရင်ထဲကို ထိရောက်စွာဆွဲဆောင်နိုင်ခဲ့တာကတော့ ခီမောင်နှံတို့ပဲ ဖြစ်ပါတယ်….

ခရစ်စတီးနားခီကတော့ ခင်ပွန်းဖြစ်သူကို မင်းသားတင်ရိုက်ပြီး ကိုယ်တိုင်က ဒါရိုက်တာလုပ်ပြီး ထက်မြက်တဲ့ အိမ်ရှင်မကောင်းပဲ ဖြစ်ပါတယ်.

ခရစ်စတီးနားခီနဲ့ ဇာဏ်ခီတို့ ဇနီးမောင်နှံကတော့ ရုပ်ရှင်ကား အနည်းငယ်နဲ့တင် မတူကွဲပြားစွာ ထိုးမြောက်နိုင်တာကြောင့် သူတို့ရဲ့ ရုပ်ရှင်ကားတွေကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။

Sponsered by Thi Ha Mg

လက်ရှိမှာတော့ သူတို့ မိသားစုဟာ အာရှနိုင်ငံတခုမှာရောက်ရှိနေပါတယ်။ ဒီနေ့လေးမှာတော့ ဇာဏ်ခီက Happy 9th Birthday Noah!ကျနော်တို့ရဲ့ သွားနှင့်လေပြီးတဲ့ ပထမသားလေး Tristin Htut Khaung Kyi အတွက်ရေးပေးခဲ့တဲ့ “ရှိနေမယ်” ဆိုတဲ့သီချင်းလေးထဲက တပိုဒ်ပါ..

(နိုဝါလေးရဲ့မွေးနေ့မှာအမှတ်တရတင်ပေးလိုက်ပါတယ်..)“ဘဝရဲ့လှည့်ကွက်တွေထဲ တချိန်ချိန်တော့ပေးလျှောက်ရမှာပဲ.. ကိုယ်တွေ့မရှိရင်လောကဓံကို ရင်ဆိုင်နိုင်ဖို့ခက်မယ်..အမည်းစက်မစွန်းတဲ့လူမရှိဘူးသားရယ် အခြေအနေတွေဟာပြောင်း လဲနေပေမယ့်ကိုယ်ကျင့်တရားနဲ့ဘာကိုမှမလဲလိုက်ပါနဲ့..

”ဂုဏ် ဒြပ် အရာဝတ္တု စည်းစိမ်ဥစ္စာ အာဏာနဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုလဲလိုက်ပြီဆိုရင် မင်းလူဖြစ်ရှူံးပြီသားရေ.. “ ဆိုပြီးမွေးနေ့ဆုေ တာင်းပေးလာတာ ဖြစ်ပါတယ်နော်…ပရိသတ်ကြီးလည်း နိုရာအတွက် မွေးနေ့ဆုတောင်းလေး ရေးပေးခဲ့ကြပါအုံးနော်..

Source; Zen Kyi

Credit ; Cele World