အမှန်တရားဘက်တော်သား အနုပညာညီအစ်ကိုသုံးယောက်ကို သတိရနေတဲ့ မေပန်းချီ

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မေပန်းချီ ကတော့ ရုပ်ရှင်ဇာတ်ကားများမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်အားပေးမှု့ကို ရရှိထားသူလေးတဟ်ယောက်ဖြစ်ပါတယ်။



ဝါရင့်အနုပညာရှင်တွေနဲ့အပြိုင် ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သဘဝဆန်ဆန် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။

ဒါအပြင် သူမက တောင့်တင်းလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်အောင် လှပတဲ့ဓာတ်ပုံလေးတွေကို အမြဲတမ်းလိုလို လူမှု့ကွန်ယက်မှာတင်ပေးလေ့ရှိတာကြောင့် ယောက်ကျားလေးပရိသတ်များစွာကို ပိုင်ဆိုင်ထားပါသေးတယ်။ မေပန်းချီ ဟာသူမရဲ့လုပ်ဖော်ကိုင်ဘက် အနုပညာညီအစ်ကိုသုံးယောက်ကို လွမ်းတဲ့အကြောင်းကို ပရိသတ်ကိုရင်ဖွင့်ထားပါတယ်။



ဇာတ်ပို့သရုပ်ဆောင် မေပန်းချီ ဟာ ဝါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေနဲ့ တွဲဖက်ပြီးရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးထားတာကြောင့် အနုပညာလောကက သရုပ်ဆောင်တွေအားလုံးနဲ့ ခင်မင်သူတစ်ယောက်ဖြစ်ပါတယ်။

သူမဟာ မြန်မာ့နွေဦးတော်လှန်းရေးမှာ ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ မေပန်းချီ ကတော့အနုပညာလောကမှာ နာမည်ကြီးကျော်ကြားတဲ့ ထိပ်တန်းမင်းသားတွေဖြစ်ကြတဲ့အပြင် အမှန်တရားဘက်တော်သား အနုပညာညီအစ်ကိုတွေကို သတိရနေပါတယ်နော်။



ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူမဟာ ” အားလုံးသတိရတယ်အန်ကယ်လေး ,ကိုပြေ,ကိုမင်းမော်ကွန်း ” ဆိုပြီး အာဒံများနှင့် နံရိုးများ ရှုတင်ကအမှတ်တရ ဓာတ်ပုံလေးတွေနဲ့အတူ စာသားလေးကို ပရိသတ်တွေဆီ မျှဝေလိုက်ပါတယ်။

သူမရဲ့ပိုစ်အောက်မှာတော့ နှိုင်းယျဉ်မြင့်မိုရ်ကတော့ မင်းသား ၃ဦးလုံးပါတဲ့ “အာဒံများနှင့် နံရိုးများ ” ဇာတ်ကားကိုကြည့်ချင်သေးတယ်လို့ ဝင်ရောက်‌ရေးသားထားပါတယ်။



မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတွေဖြစ်ကြတဲ့ အကယ်ဒမီ လူမင်း၊မင်းမော်ကွန်း နဲ့ ပြေတီဦး တို့ ဟာဆိုရင်တော့ အမှန်တရားဘက်တော်သား ရင်ဘတ်ချင်းတူတဲ့သူတွေဖြစ်ပါတယ်။ မင်းသား မင်းမော်ကွန်း ဟာ လွတ်မြောက်နယ်မြေမှာရောက်ရှိနေပြီး လူမင်းနဲ့ပြေတီဦး ကတော့အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။