ချစ်ရတဲ့သားလေးဘုန်းမင်းရဲ့ အသက်(၂၀)ပြည့်မွေးနေ့အမှတ်တရအနေနဲ့ မွန်မြတ်တဲ့အလှူလေးတစ်ခုပြုလုပ်ပေးခဲ့တဲ့ ခင်ဇာခြည်ကျော်

ဝါရင့်သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ အကယ်ဒမီဆုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်ပဲ ဖြစ်ပါတယ် ။



ခင်ဇာခြည်ကျော်က ယနေ့အချိန်အထိ တိုင်အောင် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့အပြင် သူမရဲ့ကလေးတွေကိုပါ မြေတော င်မြှောက်ပေးနေတာ ဖြစ်ပါတယ် ။



သားတစ်ယောက်၊ သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ခင်ဇာခြည်ကျော်က ကလေးတွေကို တာဝန်ကျေပွန်စွာ စောင့်ရှောက်နေတာ ဖြစ်ပါတယ် ။



ခင်ဇာခြည်ကျော်ရဲ့သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာတို့ကလည်း ချစ်မေမေရဲ့အနုပညာအမွေတွေကို ဆက်ခံထားတဲ့ မျိုးဆက်သစ် အနုပညာရှင်လေးတွေ ဖြစ်ကြပါတယ် ။



အခုလည်း သာလေးရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ သံဃာတော်များကို ဆွမ်းများ ဆက်ကပ်ကာ မိသားစု တူတူ ကောင်းမှု ကုသိုလ်များ ပြုလုပ်ခဲ့ပါတယ် ။



အလှူပုံတွေနဲ့အတူ ” သားကြီး ဘုန်းမင်း အသက် (၂၀) ပြည့် မွေးနေ့ အလှူ 🙏🏻❤️ ၆.၁၂.၂၀၂၁ ” ဆိုတဲ့စာလေးကိုလည်း ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။



Credit – Celestar

Photo – Khin Zarchi Kyaw