လမ်းလယ်မှာ ကောက်ရခဲ့တဲ့ ပိုက်ဆံ ၃ သိန်းကို မယူဘဲ ပိုင်ရှင်ဆီ ပြန်ပေးခဲ့တဲ့ အဖိုးအိုရဲ့လုပ်ရပ်

မကြာသေးခင်က Maha Sarakham ပြည်နယ် Borabue ခရိုင်ဇာတိ အသက် 60 နှစ်အရွယ် Chalong Taeytam အမည်ရှိ အဖိုးအိုဟာ လမ်းလယ်မှာ ဘတ်ငွေ ၃ သိန်းကို ကောက်ရခဲ့ပါတယ် ။

ဒါပေမဲ့ အသက် 60 နှစ်အရွယ် ဦးလေးက တွေ့ရှိခဲ့တဲ့ ငွေကို ပိုင်ရှင်ထံပြန်ပေးရန် ရဲတပ်ဖွဲ့ဆီ ပြေးသွားပြီး အကူညီတောင်းခဲ့ပါတယ် ။

ကနဦးမှာတော့ အဆိုပါငွေများဟာ ဘယ်သူ့ဟာလည်းဆိုတာ မသိရသေးတာကြောင့် အဆိုပါငွေများကို ရဲစခန်းသို့ ပေးအပ်ခဲ့ပါတယ် ။

ယခုအခါ တစ်စုံတစ်ဦးမှ ငွေလက်ခံရယူရန် ဆက်သွယ်ပြီး ပိုင်ရှင်ထံ ငွေပြန်ပေးခဲ့ပါတယ် ။

ဒီဦးလေးရဲ့ လုပ်ရပ်ကို Netizens များက ချီးကျူးခဲ့ကြပြီး ဒီလိုသူတော်ကောင်မျိုးကို တန်ဖိုးထားပေးကြပါလို့လည်း တိုက်တွန်းခဲ့ကြပါတယ် ။

 

JRose (KB Chimmy One)

Reference : khaosod