ကိတ်မုန့်ပေါ်က ဖယောင်းတိုင်မီးကို မှုတ်နေစဉ် ဆံပင်ကို မီးရုတ်တရက်တောက်လောင်ပြီး ဆံပင် ပုံပြောင်းသွားခဲ့တဲ့ မိန်းကလေးရဲ့အဖြစ်

မကြာသေးမီက မိန်းကလေးတစ်ဦးရဲ့ မွေးနေ့အမှတ်တရအဖြစ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပါတယ် ။ ဖြူဖြူသန့်သန့် ဝတ်စုံ၊ ဆံပင်ရှည်ရှည်နဲ့ လှပတဲ့ မျက်နှာထားဖြင့် ကောင်မလေး က ကိတ်မုန့် ကိုင်ပြီး သူ့သူငယ်ချင်းတွေရှေ့မှာ ဖယောင်းတိုင်မီးတွေ ထွန်းရင်း ပျော်ရွှင်စွာ မှုတ်နေခဲ့ပါတယ် ။

ဒါပေမဲ့လည်း ဖယောင်းတိုင်ပေါ်က မီးတောက်တွေဟာ သူမရဲ့ဆံပင်တွေကို ရုတ်တရက် မီးတောက်လောင်ကျွမ်းသွားခဲ့ပါတယ် ။ အဆိုပါရှားရှားပါးပါး အဖြစ်အပျက်က မိန်းကလေးနဲ့ သူ့ပတ်ဝန်းကျင်ကလူတွေကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။ လူတစ်ဦးက မီးမပြန့်ပွားစေရန် သူမရဲ့ဆံပင်ကို အမြန်ငြိမ်းသတ်လိုက်ရပါတယ် ။

အဆိုပါဗီဒီယိုက အွန်လိုင်းအသိုင်းအဝိုင်းအများအပြားရဲ့ အာရုံစိုက်မှုကို လျင်မြန်စွာရရှိခဲ့ပြီး ဒီလိုအခြေအနေမျိုးမှာ လူတွေက ရယ်ရမလား ငိုရမလား မသိပေမယ့် ကောင်မလေးအတွက် ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ဖို့ ဆုတောင်းပေးနေကြပါတယ် ။

မမျှော်လင့်ထားတဲ့ အဖြစ်အပျက်များက လူများစွာအတွက် “မီးမကစားပါနှင့်” ထက် အလားတူအခြေအနေမျိုးတွေမှာ ပိုပြီးသတိထားဖို့ သင်ခန်းစာကောင်းတစ်ခုဖြစ်ပါတယ် ။ တစ်ချို့ကိစ္စတွေမှာ မြန်မြန်မတုံ့ပြန်ရင် ကိုယ့်ကိုကိုယ် ထိခိုက်စေနိုင်ပါတယ် ။

JRose (Mckzone daily)