မိခင်ဖြစ်သူက မျက်စိနှစ်ဖက်လုံးခွဲစိတ်ထားရတဲ့အတွက် ခေါင်းအစခြေအဆုံးသူမကိုယ်တိုင်ပြုစုလုပ်ကိုင်ပေးနေတဲ့ အလှမယ်ဟန်လေး

ပရိသတ်ကြီးရေ ဟန်လေးကတော့ အလှမယ်မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။

ဟန်လေးကတော့ သူ့ရဲ့အနုပညာအလုပ်တွေနဲ့မအားလပ် ဘဲဖြစ်နေပေမဲ့ မိဘအပေါ်မှာတော့ သိတတ်လိမ္မာလွန်းလှတဲ့သမီးလိမ္မာလေးတစ်ယောက်ပါ။

လတ်တလောမှာလည်း ဟန်လေးက သူ့ရဲ့မိခင်ကြီးက မျက်စိနှစ်ဖက်လုံးခွဲထား ရတာကြောင့် ခေါင်းအစခြေအဆုံးကိုယ်တိုင်ပြုစုနေခဲ့ပါတယ်။

ဟန်လေးကတော့ မိခင်ကြီးရဲ့ ဝေယျာဝစ္စတွေအကုန်လုံးကိုကိုယ်တိုင်လုပ်ပေးနေခဲ့တာဖြစ်ပြီး မိခင်ကြီးကို စောင့်ရှောက်နေရတာကို ပင်ပန်းတယ်လို့ မထင်ဘဲ မိဘကို အခုအချိန်ထိ ကျွေးမွေးပြုစုစောင့်ရှောက်ခွင့်ရနေသေးတာက ဘုရားပေးတဲ့ ကုသိုလ်ကံတွေကြောင့်လို့တောင် ကျေနပ်ပီတိဖြစ်နေခဲ့ပါသေးတယ်။

မေမေကိုခေါင်းအစခြေအဆုံး ဝေယျာဝစ္စတွေအကုန် ကိုယ်တိုင်လုပ်ပေးနေရ တာတောင် မညည်းညူဘဲ ကျေနပ်နေတဲ့ ဟန်လေးကတော့ တကယ်ကို သမီးလိမ္မာလေးပီသလွန်းလှပါတယ်နော်။

ပရိသတ်ကြီးရေ ဟန်လေးကတော့ မိဘကျေးဇူးဆပ်မကုန်နိုင်တာကြောင့် ရှိတုန်း တတ်နိုင်သလောက် အချိန်ပေးပါ ပြုစုကြဖို့လည်း တိုက်တွန်းထ ားခဲ့ပါသေးတယ်။

Source – Nan Shwe Aye

Credit ; CeleZone