မလေးရှားနိုင်ငံ ဘော်နီယို ပြည်နယ်ရှိ စာသင်ကျောင်းနောက် မှ တူးမြောင်းထဲတွင် ဧရာမ မိကျောင်းကြီးတစ်ကောင်တွေ့ရှိခြင်း

မလေးရှားနိုင်ငံ ဘော်နီယို ပြည်နယ်ရှိ စာသင်ကျောင်းနောက် မှ တူးမြောင်းထဲတွင် ဧရာမ မိကျောင်းကြီးတစ်ကောင်ရောက်ရှိနေကြောင်း သတင်းပေးပို့လာသဖြင့် သစ်တောအဖွဲ့နှင့်တာဝန်ရှိသူများမှ အချိန် ၁၀ နာရီအကြာ ဖမ်းဆီးကာ ဘက်ဟိုးဖြင့် သယ်ဆောင်သွားခဲ့ကြရသည်။

မိကျောင်း၏ အလေးချိန်မှာ ကီလို ၈၀၀ အလေးချိန်ရှိပြီး အရှည် (၄.၅ မီတာ) (၁၅ ပေ) ရှည်သည်ဟု သိရှိရသည်။

မလေးရှားနိုင်ငံ ဘော်နီယိုနှင့် အင်ဒိုနီးရှားဘက်ရှိသဘာဝမိကျောင်းများ မကြာခဏ ယခုလို လွတ်ထွက်လာပြီး တစ်ခါတစ်ရံ လူအများကို အန္တရာယ်ပြုသည့်အပြင် လူကိုကိုက်စားသည့် မိကျောင်းများလည်းရှိခဲ့ဖူးပါသည်။

crd