မိဘစကားနားထောင်ရင်းနဲ့ သူမဘ၀ရဲ့ ဝဋ်ကြွေးတွေကို ရင်ဖွင့်လာတဲ့ ထက်ထက်မိုးဦး

ဟိုလွန်ခဲ့တဲ့နှစ် ၁၀ နှစ်ကျော် ဒီလိုဆောင်းရာသီ မီးဖိုလေးဘေးနား အဖေဆုံးမခဲ့ဖူးတာလေး။ခုချိန်မှာ အဖေမရှိတော့ပေမယ့်လည်း အခုထိ ထက်ဘဝမှာမှတ်သားထားတဲ့စကားလုံးလေးတွေ တစ်ခါလိမ်ပြီးသွားရင်အကြိမ်ကြိမ်လိမ်ရလို့ အမှန်တွေမေ့သွားတတ်တယ်။

ဒီလိုနဲ့ြကာရင် အမှန်တွေက အမှားတွေဖြစ်သွားတတ်တယ်။ လူလူချင်း လိမ်လို့ရပေမယ့် မေတ္တာကိုလိမ်လို့မရဘူး မေတ္တာလိမ်မိရင် မေတ္တာဆူး ဆူးတတ်တယ်။

မစားဖူးဘဲ စားဖူးတယ်မပြောရဘူးမရောက်ဖူးဘဲရောက်ဖူးတယ်မပြောရဘူးမသိတာကို သိတယ်မလုပ်နဲ့မရှိဘဲ ရှိတယ်မပြောနဲ့မှန်သောစကားကိုချိုချိုသာသာပြောပါအိုးနဲ့ဆန်တန်ရုံ ပေးထားတာသူများပစ္စည်းကိုမလိုချင်ရဘူး။သူတပါးကိုအားကျလို့ရတယ် မနာလိုမဖြစ်ရဘူးထက်အဖေကဘွဲ့ရမဟုတ်ခဲ့ပေမယ့် ထက်အပေါ်အမြဲဒါမျိုးပဲဆုံးမခဲ့တယ်။အဲဒီလိုနေလွန်းတော့တစ်ခါတစ်လေအလိမ်ခံရတာခံရတာ စော်ကားခံရတာတွေလဲကြုံရပါတယ်။

ဒါပေမယ့် ထက်ကျေနပ်ပါတယ်။မိဘစကားနားမထောင်လို့မှားတာထက် မိဘစကားနားထောင်ရင်းနဲ့ခံရတာတွေက ဝဋ်ကြွေးလို့တွေးပြီး အကောင်းမြင်စွာပဲ လက်ခံလိုက်တော့တယ်။ဘဝဆိုတာ အမြဲငိုနေတာမှ မဟုတ်တာနော်ငိုပြီးပျော်ရမှာပဲလေ အဓိက လက်မလျှော့မိဖို့ပဲမဟုတ်လား။

Cele World ပရိသတ်ကြီးလည်း ထက်ထက်ကို အားပေးစကားလေး ရေးပေးခဲ့ကြပါအုံးနော်…

Source: Htet Htet Moe Oo