မြင်နေကျ ပုံစံလေးနဲ့မဟုတ်ဘဲ.. ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုဖမ်းစားလိုက်တဲ့ အေးသောင်း

မော်ဒယ်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာကြတဲ့ အေးဝတ်ရည်သောင်းတို့ ညီအစ်မတွေလို့ဆိုလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲနော်…

ညီအစ်မ ၃ ယောက်လုံးကလည်း ချောလဲချော အသားအရည်လေးလဲ လှတဲ့အပြင် လူတိုင်းအားကျရလောက်တဲ့ကိုယ်ခန္ဓာမျိုးနဲ့ အရပ်ကို ပိုင်ဆိုင်ထားကြတာကြောင့် အပြစ်ပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ ဖြစ်ပါတယ်။

အေးသောင်းကတော့ အနုပညာလောကကနေ ခနပျောက်သွားပြီးနောက်မှာတော့ မြန်မာဆန်ဆန်လေးနဲ့ လှပကျက်သရေရှိစွာနဲ့ ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေက ချစ်မြဲချစ်ဆဲပါပဲနော်…

အခုလိုအခြေအနေတွေကြောင့် ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်နေတဲ့ မအေးသောင်းကို ပရိသတ်တွေအားလုံးကသတိရနေကြတာဖြစ်ပြီး ဘေးကင်းစေဖို့အတွက်လည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်….။

အခုတော့လည်း ၅၀၅ ဖျက်သိမ်းခံရတဲ့ အနုပညာရှင်(၂၄) ဦးတွင် မအေးသောင်းပါခဲ့ပါတယ်နော်။မအေးသောင်းကတော့ လက်ရှိအချိန်မှာ နေအိမ်သို့ မပြန်သေးဘဲဘေးကင်းရာအရပ်တွင် နေထိုင်နေဆဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က အေးဝတ်ရည်သောင်းရဲ့FacebookPage မှာ သရုပ်ဆောင်အေးသောင်းက ” မ မလျော့ဘူးနော် လုံးဝမလျော့ဘူး ” ဆိုတဲ့ စာကြောင်းလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို တင်ပေးလာတာ ဖြစ်ပါတယ်နော်..


အမြဲမြင်တွေ့နေကျ မြန်မာပုံစံလေးတွေနဲ့မဟုတ်ဘဲ ကလေးဆန်တဲ့ ပုံစံလေးကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေပြန်ပါတယ်နော်…Cele World ပရိသတ်ကြီးလည်း မအေးသောင်းက်ု အရင်ကထက ပိုပြီးချစ်ပေးကြပါအုံးနော်…

Source: Aye Thaung