တရားဝင် ခေါ်ယူမွေးစား စောင့်ရှောက်မယ့် သထုံမြို့က ကလေးငယ်လေး သူမဆီရောက်ရှိလာလို့ အတိုင်းမသိ ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝေ

ဒီရက်ပိုင်းမှာဆိုရင် ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေက အကြောင်း မျိုးမျိုးကြောင့် စွန်းပစ်ခံနေရတဲ့ ကလေးများကို သူမရဲ့ ဂေဟာမှာ တရားဝင် ခေါ်ယူ မွေးစားစောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ် ။

စွန့်ပစ်ခံ ကလေးလေးတွေ ခမျာ လသားအရွယ်တွေ ပါသလို မသန်စွမ်းတာတွေ ရောဂါ ဝေဒနာ ခံစားနေရသူတွေတောင် ပါနေတာ စိတ်မကောင်းစရာပါ ။

ခိုင်နှင်းဝေကတော့ ဘယ်လို ပုံစုံ ကလေးမျိုးပဲ ဖြစ်နေပါစေ ကိုယ့်သားသမီး အရင်းလို သဘောထားပြီး မိခင်ရင်း သဖွယ် နွေးထွေးတဲ့ မေတ္တာ တရားတွေနဲ့ စောင့်ရှောက်ပေးနေတာ လေးစားစရာပါ ။

အခုလည်း စောင့်ရှောက်ပေးမယ့် မိခင်ရော အဖွားပါ မရှိတော့လို့ ခိုကိုးရာမဲ့နေတဲ့ သထုံမြို့က ကလေးငယ်လေးတစ်ယောက်ကို ခေါ်ယူမွေးစားခဲ့ပြန်ပါတယ် ။

ကလေးငယ်လေ သူမဆီ ချောချောမွေ့မွေ့နဲ့ ရောက်ရှိလာလို့ အတိုင်းမသိ ပီတိဖြစ်နေကြောင်းကို ပုံလေးတွေနဲ တကွ အမှတ်တရ ဝေမျှထားပါသေးတယ် ။

ပုံလေးတွေနဲ့ အတူ ” သထုံသူလေးလဲ ရောက်ပါပြီ..ကျမလဲ ပြန်ရောက်ပါပြီရှင်..…” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

SOURCE,– Khine Hnin Wai