Uncategorized

ကိုဖြိုး (ဖြိုးမြတ်အောင်) ပေါင်ပေါ်မှာ အိပ်ခဲ့ရလို့ ရှက်တယ် ဆိုတဲ့ စနိုးကြည်ဖြူ

တက်သစ်စ သရုပ်ဆောင်ဖြစ်တဲ့ စနိုးကြည်ဖြူကတော့ ရွှေကြိုဝင် အရွေးခံပြီးနောက်ပိုင်း သူမရဲ့သွက်လက်တဲ့ဟန် ပန်လေးတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားနေသူပါ။

စနိုးကတော့ ကိုဖြိုးမြတ်အောင်နဲ့အတူ သရုပ်ဆောင်ထားတဲ့ “ဘယ်လိုမေ့လို့ရမှာလဲ” MV လေးထဲမှာ ကိုဖြိုးပေါင်ပေါ်အိပ်ရတဲ့ အခန်းပါတဲ့အတွက် ရှက်ခဲ့တယ်လို့ Myanmar Celebrity နဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ကိုယ်သရုပ်ဆောင်တဲ့ MV ပေါက်သွားတော့ ဝမ်းသာတာပေါ့ ကိုယ်ကိုတိုင် ကြိုးစားထားတာလေးပေါ့ အဲဒီ့နေ့ကဆို မနက်၃နာရီအထိကြိုးကြိုးစားစားရိုက်ထားတဲ့ MV လေးပေါက်သွားတော့ပျော်တာပေါ့”

“အလွဲလေးတွေက တော့ရှိတာပေါ့ ကိုဖြိုးကရှက်လည်းရှက်တတ်တော့ ပထမဆုံးကဒ်မှာတင် ပေါင်ပေါ်လှဲ အိပ်ပြီးချစ်ချစ်ခင်ခင်ရိုက်ရတော့ ပထမဆုံးကတ်မှာတင် ၂နာရီ၃နာရီလောက်ကြာသွားတယ်”

Priapismus je označení pro poměrně vzácný stav přetrvávající Jak funguje Vardenafil 10, 20, 40 a 60 mg bolestivé erekce. ED je obvykle diagnostikována vyžádáním vaší sexuální historie.

“ဒါရိုက်တာကလည်း အဲဒီ့ကတ်ကို တကယ့် reality ဆန်ဆန်လိုချင်တာ ကိုယ်တွေကလည်း တောင့်တောင့်ကြီးဖြစ်နေတာနဲ့တော်တော်ကြီးကိုရိုက်လိုက်ရတယ် ၃နာရီလောက် ရောက်မှ ဒါရိုက်တာစိတ်ကျေနပ်တဲ့အဆင့်ကိုရောက်သွားတာ”

“ပရိသတ်တွေရင်ထဲကို စနိုးတို့၂ယောက်လုံးရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာနဲ့ တင်ပျော်ပါတယ် မောင်နှမနှစ်ယောက် ကလည်း စနေနောက်နေတာပါပဲ ကိုဖြိုးက စနိုးကိုညီမလေးတစ်ယောက်ကိုပဲ အရာရာသင် ကြားပေးပါတယ် စိတ်ရတနာLive မှာဆိုလည်း သင်ကြားပေးပါတယ် စနိုးချစ်ရတဲ့ အစ်ကိုကြီးတစ်ယောက်ပါပဲ”

“ကိုယ်ကိုတိုင်တက်သစ်စ ဖြစ်လို့ အများကြီးသင်ယူနေရတာပေါ့နော် အဲ့ဒီ့နေ့ကဆို ၃နာရီပြီးပေမယ့် ၄နာရီလောက်မှ ပြန်ဖြစ်တယ်ပေါ့ စနိုးက ချောင်းဆိုးရင်တောင်ကီးလွဲနေတာဆိုတော့ ကိုဖြိုးရော တခြားအဆိုတတ်တဲ့အစ်ကို ကရော သင်ကြားပေးပါတယ်”လို့ စနိုးကတော့ဖြေဆိုထားပါတယ်။

“ပထမဦးဆုံး ရိုက်ရိုက်ချင်း ကိုဖြိုး ပေါင်ပေါ် လှဲအိပ်ပြီး ချစ်ချစ်ခင်ခင် ပုံစံလေး ရိုက်ရတော့ တစ်ယောက် နဲ့ တစ်ယောက် ရှက်ခဲ့တယ်။ အဲ့ဒီ အခန်းကို ဒါရိုက်တာ စိတ်တိုင်းကျ သရုပ်ဆောင် ရတာတင် (၃) နာရီလောက် ကြာသွားတယ်။ ပရိသတ် ရင်ထဲကို ရောက်အောင် သရုပ်ဆောင် နိုင်ခဲ့လို့ ကျေနပ်ပါတယ်” လို့ ဖြိုးမြတ်အောင် နဲ့ သီချင်း ဗီဒီယို ရိုက်ကူးမှု အပေါ် ပြောလာတဲ့ သရုပ်ဆောင် စနိုးကြည်ဖြူ နှင့် ခဏတာ။







